ညစ်တာတွေနဲ့ မူးလာရင် ပေါက်ကွဲနေကြ လူတိုင်းဟြေနေတဲ့ မငြီးငွေ့သေးတဲ့ အချစ်အကြောင်းကိုဘဲ ထပ်ဟြေမယ်။
ချစ်နေသေးသ၍ ဘာလုပ်လုပ် မသိချင်ယောင်ဆောင် မျက်ကွယ်ပြုထားနိုင်ပေမဲ့ သည်းခံနားလည်မှုတို့ ကုန်ဆုံးသွားချိန် အကြီးအကျယ်ဒုက္ခ ရောက်သွားနိုင်တယ်။
လျစ်လျှူရှူတတ်တယ် လူတိုင်း။ မသိချင်ယောင်ဆောင်တတ်တယ် လူတိုင်း။ ခံစားချက် မရှိသူတို့ ပြုမူတဲ့ အပြုအမူ တချို့။
သိတယ် မဟြေဝူး .. ဟြေတယ် မကြားဝူး .. ကြားတယ် ဂရုမစိုက်ဝူး .. ဆိုတာတွေက ဘာတွေ ဖြစ်နိုင်လဲ။
သိထားရမှာက ဘယ်အရာအဖြစ်ဖြစ် အလွန်အကျွံ သုံးစွဲပစ်လိုက်ရင် ကုန်သွားတတ်တယ်။
မရှိခြင်းထက် မသိခြင်းတို့ ပိုခက်၏။ ဟြေမိပြန်ပီ ဒီစကားဘဲ ထင်တယ်။
ဘာဘဲဖြစ်ဖြစ် ကံကောင်းလို့ ချောက်ထဲ မကျတယ်လို့ဘဲ တွေးထားတယ်။
ကျသွားတော့လည်း တော်သေးတာပေါ့ ကျသွားလို့ဆိုပီး နှစ်သိမ့်နေမိပြန်ဦးမယ်။
ဒါတွေက စိတ်မကုန်သေးခြင်းကို ပြသတယ်။
စိတ်ကုန်သွားရင် အသက်ရှုသံ တစ်ချက်မှားခြင်းက အိုဇုန်းလွှာပေါက်ခြင်းလောက်ထိ ပြဿနာ ဖြစ်စေနိုင်တယ်။
ဒါဟာ ဘာတွေလဲ .. ဒါဟာ ဒါတွေပါဘဲ။
Posted in အတွေး | Leave a Comment »
တချို့ တချို့ ရေးပီးသားစာတွေ လူတွေကို ကျွန်တော်ချပြဖြစ်တယ်။
တချို့ တချို့ ရေးပီးသားစာတွေ တယောက်တည်းဖတ်ဖို့ သိမ်းထားလိုက်တယ်။
တချို့ တချို့ ရေးပီးသားစာတွေ ဆုတ်ဖြဲပစ်လိုက်တယ် စိတ်ထဲမှာကျန်တယ်။
တချို့ တချို့ ရေးပီးသားစာတွေ စိတ်ထဲမှာမရှိဝူး ဂျောင်တဂျောင်ဂျောင်မှာတော့ ရှိနေတယ်။
တချို့ တချို့ ခံစားချက်တွေ အရည်တမျိုးနဲ့ ရောသွားတယ်။
တချို့ တချို့ ခံစားချက်တွေ နင့်ကိုချပြမလို့ဘဲ နင်စိတ်မဝင်စားဝူး။
တချို့ တချို့ ငါ့အတွေးတွေ လေထဲတိုက်အိမ် ဆောက်လိုက်တယ်။
တချို့ တချို့ ငါ့အတွေးတွေ နင်နဲ့အတူ အကောင်အထည်ဖော်မလို့ဘဲ နင်မအားဝူး။
တချို့ တချို့ နင့်နားမလည်မှုတွေ ငါနားလည်နိုင်တယ်။
တချို့ တချို့ နင့်နားမလည်မှုတွေ နင်ကိုယ်တိုင်ရော နားလည်ရဲ့လား။
တချို့ တချို့ နင့်လုပ်ရပ်တို့ မသိမသာ ငါ့ကို စော်ကားသွားတယ်။
တချို့ တချို့ နင့်လုပ်ရပ်တို့ ငါ့ကမ္ဘာကို အပျော်အတိ ဖုံးစေ၏။
တချို့ တချို့ နင့်အပြုံးတို့ ငါ့အတွက် လန်းဆန်းနေတတ်တယ်။
တချို့ တချို့ နင့်အပြုံးတို့ ငါ့ကို ရက်ရက်စက်စက်သတ်နေတယ်။
Posted in ခံစားချက် | Leave a Comment »
ထိုနေ့ရက်များက စာအုပ်တစ်အုပ်ကို ဖတ်နေရခြင်းထက် သူမဟြေသော စကားများနားထောင်နေရခြင်းကို ပိုနှစ်သက်မိသည်။ ကလေးငယ်ကျောင်းသားတစ်ယောက်ကို ဆရာမတစ်ယောက် သမိုင်းကြောင်းတစ်ခု ရှင်းပြနေသလို “ဟုတ် ဟုတ် .. .. ” ဟုဖြေရင်းပေါ့။ တစ်ခါတစ်ရံ စိတ်ထဲမှာ လက်ကလေးတောင်ပိုက် ခေါင်းလေးပါငုံ့မိသည်။ သူမဟြေနေသော ပုံပြင် အဆုံးသတ်သွားချိန် ကျွန်တော့် အသည်းနှလုံး အကောင်းပကတိ ရှိနေသေးဖို့သာ ကြိတ်ဆုတောင်းနေမိတာ သူမ သိမည်မဟုတ်။
ရက်စက်ဖို့ အကြောင်းတွေ ဖန်လာမှာမို့ ရက်စက်သွားမဲ့ သူမမှာလည်း အပြစ်မရှိသလို တခြားတစ်စုံတစ်ယောက် မည်သူကမျှ သူမကို လက်ညှိုးထိုးလာဖို့ ကျွန်တော် မလိုလား။ ချစ်မိတဲ့ ကျွန်တော့်အချစ်နဲ့ နှလုံးသားတစ်ခုသာ ထိုအပြစ်တို့အဖို့ ကျေပါစေ။ ရေအရင်းမြစ်တို့ ရှားပါးလာခြင်းအတွက် ကမ္ဘာကြီး ပူနွေးလာခြင်းကိုဘဲ အပြစ်ဖို့လို့မှ မဖြစ်ဘဲ။ ပူနွေးလာအောင် လုပ်နေသူတို့ ရှိနေတယ်။
နေ့ခင်းက အိပ်မက်တွေ မကောင်းဝူး။ ကျွန်တော့်လက်ထဲကမုန့် သူများလုစားသွားတယ်။ ကျွန်တော်ဆိုတဲ့ကောင်က လက်ထဲ ရှိနေတုန်းတော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားပါရဲ့ ပါသွားတဲ့ အရာကိုတော့ နှမြောမနေတတ်ဝူး။ လောကမှာ “လွတ်သွားတဲ့ငါး မကြီးကောင်းဝူး” လေ။ ဒါပေမဲ့ စူပါဂလူးတွေတော့ ဝယ်ထားတယ်။ တစ်ချိန်ကျ အသုံးလိုမယ် ထင်လို့။
ဂျိမ်းစ်ဘွန်းတော့ မဟုတ်ဝူး။ ဒါပေမဲ့ အကွက်ကျကျ စီစဉ်ထားတဲ့ ထောင်ချောက်ထဲကို မသိချင်ယောင်ဆောင်ပြီး ဝင်သွားရတာမျိုး သဘောကျတတ်သည်။ သူမပျော်နေတယ်လေ ဒီကောင်လေး ဘာမှ မသိပါဝူးဆိုတဲ့ အတွေးတချို့နဲ့။ သူမ ပျော်ရင် ကျွန်တော်ပျော်နေတတ်တော့လည်း အခက်သားလား။ ထောင်ချောက်တောင် ကလေးကစားကွင်း ထင်မိသေးတယ်။ လူတွေက အချစ်သည် ချိုမြိန်တယ်လို့ဘဲ သိထားကြတာ။ ချစ်သူကပေးတဲ့ ဒုက္ခတို့ ချိုမြိန်တဲ့အခါ အဲဒီ့ အချစ်တို့ထက် သာမယ်လို့ ဘယ်သူတွေးမိလဲ။
သူမ၏ ဟန်ဆောင်အပြုံးနှင့်အနမ်းတို့ သဘာဝကျကျ တိကျစွာ အပိုအလိုမရှိ လှပပြည့်စုံနေလေရဲ့။ ထိုအခြင်းအရာတို့အတွက် မှတ်တမ်းကောင်းတစ်ခု ပြုစု၍ရနိုင်မည်ဆိုလျှင် ကျွန်တော် သိမ်းထားချင်မိသည်။ ပတ်ဝန်းကျင်ကို အရွဲ့တိုက်ချင်တဲ့ သူမရဲ့ စိတ်တို့ကို ကျွန်တော် တားမြစ်ချင်သော်လည်း ဘာမှမဟြေဖြစ်ခဲ့။ ထိုအခြင်းအရာတို့အတွက် သူမကို စိတ်ချမ်းသာမှု ပေးဖို့ထက် ဒုက္ခတွေ ဖြစ်စေနိုင်ဖို့ အခွင့်အလမ်းပိုသာနေတယ်။
ဝ.၁%ဆိုတာ အလွန်နည်းတယ်ဆိုပေမဲ့ မကောင်းတာ ဖြစ်ဖို့အတွက်ဆိုရင်တော့ အခွင့်တော်တော်သာ နေပီဆိုတာ သူမ မသိ။ သူမဟြေတဲ့ ၉၉.၉%က ကျွန်တော်ကို စိတ်ကျေနပ်မှု မပေးနိုင်ပေမဲ့ ကျန်တဲ့ ၀.၁%က စိတ်အနှောက်အယှက်ဖြစ်ဖို့ အတော်လုံလောက်နေလေပီ။ ဒီလိုတွေးနေတာတွေ သူမသိသွားရင် သူမ ဝမ်းနည်းပေဦးမည်။
မယုံကြည်တာ မဟုတ်ရပါ။ ယုံကြည်ရမှာ ကြောက်နေသူတစ်ယောက် ကျွန်တော်ဖြစ်နေလေပီ။ အမြင့်ကိုသိလျှက်နဲ့ ခုန်ချရတော့မည့် အတောင်ပံမဲ့ သတ္တဝါ တစ်ကောင်လိုပေါ့။ မယုံကြည်မှုအတွက် လုံလောက်တဲ့ သင်ခန်းစာတို့ လိုအပ်သည်။ ပြဌာန်းမထားပေမဲ့ သင်ယူတတ်မြောက်ခဲ့ပီး ဖြစ်၏။ ဓာတုဗေဒ ညီမျှခြင်းတစ်ခုလို ဟိုတိုး ဒီလျှော့ ညှိရမဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်။ အချိန်နှင့်ဖြစ်ရပ်တို့ အပေါ်မူတည်၍ အဖြေထုတ်ရမည့် ပုံသေနည်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
အလုပ်အဝင်နဲ့ အကျိုးအမြတ် ထပ်တူညီမည့် စက်ကိရိယာမျိုး လောကမှာ မရှိကောင်းသလို မရှိနိုင်ခြင်းကြောင့် သွားလေတဲ့ မေတ္တာတို့အတွက် ပြန်လာမည့် မေတ္တာတို့ မမျှော်လင့်ချင်ဝူး။ ကောင်းကင်မှာ လထိန်ထိန်သာရင် ရေကြည်ထဲမှာ လရိပ်လောက်နဲ့ ကျေနပ်ရမယ်လေ။ သူမအချစ်တို့ ရေးရေးမြင်ရပေမဲ့ တိကျပြတ်သားအောင် ပုံဖော်ကြည့်ချင်သေးတယ်။ သြော် .. .. သူမ သိပါလေစ။
Posted in ခံစားချက် | Leave a Comment »
နေနဲ့ လကို
အမှတ်မှားသလို ..
ခုနေ ငါ့လိုများ လွမ်းနေမလား။
ဘာရယ်မဟုတ်
လည်ပြန်ကြည့်တိုင်း ..
ပျော်မြူးခဲ့တဲ့ ရက်စွဲတွေ ခြေရာချင်းထပ်နေလို့ ။
ပုရိသဖွါးရဲ့
အခြေခံ တောင့်တမှုအောက် ..
ရက်သတ္တပါတ် လိုအပ်သွားတာလား။
တစ်စိတ်တစ်ဒေသ
ချစ်ပြသွားပေမယ့် ..
နံပါတ်ကိုယ်စီတွေရဲ့ ကြား ..
သဘောတူရင်ခုန်ခဲ့ကြ။
နင့်လက်ကိုငါဘဲတွဲ ..
တစ်ဝကြီးပျော်ချင်လို့ ..
နောက်ဘ၀တွေဆီ သွားကြည့်လိုက်ချင်ရဲ့။
Posted in ကဗျာ | Leave a Comment »
ကျိန်ဆို ကျိန်ရဲပါတယ် ..
ရက်သတ္တပါတ် ၂ခုစာ ..
ရူးသွပ်ဖူးတယ်။
ငါမလိမ်ပါဘူး ..
နင်မရှိတော့တဲ့နေ့မှာ
ကမ္ဘာပျက်ဖူးတယ်။
နင်ပျော်နေလား ..
နင်လွမ်းနေလား ..
ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ ..
ငါကြိုးစားရှာကြည့်ဖူးတယ်။
ဘာသဘောလဲ ..
ပြန်တွေးလိုက်တိုင်း ..
ရင်ဘတ်နားက အောင့်တယ် ..
နှုတ်ခမ်းတစ်စုံက မဲ့တယ် ..
လည်တိုင်နားက လွမ်းတယ်။
တစ်နေ့တစ်ခြား ..
ငါရူးသွပ်လာတယ်။
ငါမှားခဲ့လား ငါမှားခဲ့လား
ပြန်တွေးလိုက်တိုင်း ..
အနှစ်၂၀စာ မဖွံ့ဖြိုးသေးတဲ့ ဦးနှောက်ကရယ်တယ်။
ခြေသည်းပန်းချီလေးက ငိုတယ် ..
လော့ကတ်လေးက လှောင်တယ်။
ငါအများကြီး မအံ့သြတော့ပါဘူး ..
ဒါပေမဲ့ ..
အံ့သြပစ်လိုက်တယ်။
ပြီးတော့ ..
ငါ့ကမ္ဘာတစ်ခုလုံး ပျောက်တယ်။
(အမျိုးသမီး တစ်ဦးရေးထားတဲ့ ကဗျာပါ။ ဘယ်သူမှတော့ သိမှာ မဟုတ်ဝူးဗျ။ ကျွန်တော်က ပြန်ပြီး share ပေးထားတာ ကြိုက်လို့။)
Posted in ကဗျာ | Leave a Comment »
သတိရခြင်း လွမ်းဆွတ်ခြင်း က အကွာဝေးတစ်ခုကြောင့် ဆိုပေမဲ့ .. .. တိုက်ရိုက်တော့ အချိုးမကျဝူး .. .. အကွာဝေးကြီးလာလို့ ပိုမလွမ်းဖြစ်ဝူး .. ..
တစ်ချက် အဝေးကို လှမ်းကြည့်တယ် .. .. အနက်ရောင်ကလွဲရင် အမည်းရောင်တွေချည်းဘဲ .. .. ဒါဟာညတစ်ခု .. .. အဝိဇ္ဖာ .. ..
အလင်းနဲ့ အမှောင်ကြားက ပက်သက်မှုကို လူတွေသေချာ မစဉ်းစားမိသလို .. .. မင်းနဲ့ ငါ့ကြားက အရေးမပါမှုတွေ မစဉ်းစားဝူး .. ..
ပါးစပ်က တဖွဖွ ဟြေနေမှ အချစ်ဆိုရင် .. .. ဆေးလိပ်သောက်တာနဲ့ ဘာထူးဦးမှာလဲ .. .. စွဲလမ်းမှု သက်သက်ဘဲ .. ..
ခွက်တစ်ခွက် ရေဖြည့်လို့ လျှံသွားရင် ဆိုတာထက် .. .. လူတစ်ယောက် နားလည်မှုတွေ လျှံသွားရင် .. .. လက်ခံနိုင်စွမ်း မရှိတော့ဝူး .. ..
ဒဿက မယ်သီတာကို ခိုးတော့ “အချစ်နဲ့ စစ်မှာ မတရားတာ မရှိ” ဆိုဘဲ .. .. ဒါပေမဲ့ ဒါလည်း ဒုသနသော မြောက်တယ် .. ..
ကျိန်စာ မဟုတ်ပေမဲ့ ဝဋ်ကြွေးတို့ ပြန်လာခဲ့ရင် .. .. နင့်အတွက် ငါပေးခဲ့တဲ့ နားလည်မှုတို့နဲ့ အလဲအထပ် လုပ်ကြည့် .. .. ကာလပေါက်ဈေးအရ နည်းနည်းများသွားရင် Sorry .. ..
အနိုင်အရှုံး အလျော်အစားလည်း မတွက်ချက်ခဲ့ .. .. လောင်းကစားဝိုင်းမှ မဟုတ်တာ .. .. ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ သူ့အလိုလို အချိန်တန်တော့ အဖြေထွက်လာမယ် .. ..
Posted in အတွေး | Leave a Comment »
ရင်ထဲမှာ နာကြဉ်နေလည်း
သူ့မျက်နှာ အမြဲပြုံးနေမယ်။
ဘဝတစ်သက်စာ နာကျဉ်းမှုတို့ကို
ဟာသတစ်ခု ပြက်လုံးတစ်ခုအဖြစ်
လူတွေကို ပျော်ရွှင်မှုပေးမယ်။
သူ့အဆင့် မမြင့်ရင်နေ
သူ့စိတ်ထားတို့ မြင့်မြတ်တယ်။
သူ့ဘဝ မလှရင်နေ
သူ့အပြုံးတို့ ချိုတယ်။
သေချာတာက ဂျိုကာဆိုတာ
လူပြက်ဆိုပေမဲ့
မင်းတို့ထင်သလို လူပျက်မဟုတ်ဝူး။
Posted in ကဗျာ | Leave a Comment »